တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုတွေကြောင့် ကမ္ဘောဒီးယားအာဏာပိုင်တွေက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းခဲ့ရာမှာ ဇန်နဝါရီ ၃၁ ရက်နေ့က ဗီယက်နမ်နယ်စပ်အနီး ဘာဗက်မြို့မှာရှိတဲ့ ငွေလိမ်လုပ်ငန်းစခန်းတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။ အဲဒီစီးနင်းမှုအတွင်း နိုင်ငံခြားသား ၂,၀၀၀ ကျော်ကို ဖ-မ်းဆီးထိန်းသိမ်းခဲ့ပြီး အဲဒီအထဲမှာ အများစုဖြစ်တဲ့ တရုတ်နိုင်ငံသား ၁,၇၉၂ ဦးအပြင် မြန်မာနိုင်ငံသား ၁၇၉ ဦးလည်း ပါဝင်နေတယ်လို့ ကမ္ဘောဒီးယား ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ အဆောက်အအုံ ၂၂ လုံးပါဝင်တဲ့ အဲဒီဝင်းကြီးဟာ ကာစီနိုရုံအသွင် ဟန်ဆောင်ထားပေမယ့် တကယ်တမ်းမှာတော့ ဆက်သွယ်ရေးနဲ့ အွန်လိုင်းလိမ်လည်မှုလို တရားမဝင်လုပ်ငန်းတွေ လုပ်ကိုင်နေတာ ကြာမြင့်နေပြီဖြစ်ပါသည်။



