Great Wall Motor (GWM) သည် ထိုင်းဈေးကွက်တွင် လေးနှစ်ကြာ ရောင်းချခဲ့သည့် ORA Good Cat လျှပ်စစ်ကားကို ထိုင်းနိုင်ငံရှိ ကားစက်ရုံတွင် ထုတ်လုပ်မှုကို ရပ်ဆိုင်းတော့မည်။ ORA Good Cat ကို ထိုင်းနိုင်ငံတွင် လေးနှစ်တာကာလအတွင်း စုစုပေါင်း ၂၀,၈၂၇ စီး ရောင်းချခဲ့သည်။ ORA Good Cat သည် ၂၀၂၂ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ အရောင်းရဆုံးလျှပ်စစ်ကား ဖြစ်ခဲ့သည်။ ထိုင်းဈေးကွက်တွင် ရောင်းချရန်အတွက် ထိုင်းနိုင်ငံတွင် ထုတ်လုပ်သော ပထမဆုံးလျှပ်စစ်ကား ဖြစ်သည်။ အဓိကနိုင်ငံတကာဈေးကွက်များသို့ တင်ပို့ရောင်းချသည့် ထိုင်းနိုင်ငံတွင် ထုတ်လုပ်သော ပထမဆုံး EV လည်းဖြစ်သည်။



