back

တောင်ငူမြို့ရှောင်ရထားလမ်းအတွက် ၂၃၀ ကေဗွီ ဘီလူးချောင်း-တောင်ငူ ဓာတ်အားလိုင်း ပြောင်းရွှေ့တည်ဆောက်မှု တစ်ဝက်ခန့်ပြီးစီး

Feb 02 • 6:26 AM

breaking-news

မြန်မာ

ပဲခူး

cover

တောင်ငူမြို့ရှောင်ရထားလမ်းအတွက် ၂၃၀ ကေဗွီ ဘီလူးချောင်း-တောင်ငူ ဓာတ်အားလိုင်း ပြောင်းရွှေ့တည်ဆောက်မှု တစ်ဝက်ခန့်ပြီးစီး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှောင်ရထားလမ်းသစ် ဖောက်လုပ်ရာတွင် လွတ်ကင်းမှုမရှိသည့် ၂၃၀ ကေဗွီ ဘီလူးချောင်း(၂)-တောင်ငူ ဓာတ်အားလိုင်းအား တာဝါတိုင် (၉) တိုင်ဖြင့...

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှောင်ရထားလမ်းသစ် ဖောက်လုပ်ရာတွင် လွတ်ကင်းမှုမရှိသည့် ၂၃၀ ကေဗွီ ဘီလူးချောင်း(၂)-တောင်ငူ ဓာတ်အားလိုင်းအား တာဝါတိုင် (၉) တိုင်ဖြင့် လိုင်းအူကြောင်းပြောင်းရွှေ့တည်ဆောက်နေသည့် လုပ်ငန်းစဉ်မှာ လက်ရှိတွင် (၅၀) ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဖေဖော်ဝါရီ ၁ ရက်က အဆိုပါလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝါတိုင်ဖောင်ဒေးရှင်းလုပ်ငန်းများ ပြီးစီးမှုနှင့် တိုင်ဆင်နေမှုများကို ကြည့်ရှုကာ သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပစ္စည်းများ စံချိန်စံနှုန်းပြည့်မီစေရေးတို့အတွက် အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

33