back

မုံရွာမြို့၊ သုဓမ္မစာရီ ဗိမာန်ကျောင်းတိုက် ဆရာတော်၏ ဝိဇာတမွေးနေ့နှင့် ဂုဏဝိသိဌပူဇော်ပွဲ ကျင်းပ

Feb 02 • 4:39 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

မုံရွာမြို့၊ သုဓမ္မစာရီ ဗိမာန်ကျောင်းတိုက် ဆရာတော်၏ ဝိဇာတမွေးနေ့နှင့် ဂုဏဝိသိဌပူဇော်ပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ သုဓမ္မစာရီ ဗိမာန်ကျောင်းတိုက်နှင့် ရွှေတောင်ဦး လယ်တီဝိပဿနာရိပ်သာကြီးများ၏ ပဓာနနာယကဆရာတော် ဘဒ္ဒန္တကောသလဉာဏ ၏ ဝိဇာတမွေးနေ့မ...

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ သုဓမ္မစာရီ ဗိမာန်ကျောင်းတိုက်နှင့် ရွှေတောင်ဦး လယ်တီဝိပဿနာရိပ်သာကြီးများ၏ ပဓာနနာယကဆရာတော် ဘဒ္ဒန္တကောသလဉာဏ ၏ ဝိဇာတမွေးနေ့မင်္ဂလာနှင့် ဂုဏဝိသိဌပူဇော်ပွဲကို (ဖေဖော်ဝါရီ ၁ ရက်)၊ တပို့တွဲလပြည့်နေ့တွင် သုဓမ္မစာရီ ကလေးဝဗိမာန်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ သက်တော်ရှည်ဆရာတော်ကြီး (၁၀) ပါး ကြွရောက်ချီးမြှင့်တော်မူခဲ့ကြပြီး၊ ကြွရောက်လာကြသော ဧည့်ပရိသတ်များက ကသာမြို့၊ ကျောက်ထုံးကြီးကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ ဆရာတော်အား ပူဇော်ကန်တော့ခဲ့ကြကြောင်း သိရှိရပါသည်။

news-view-count-icon

19