တရုတ်တစ်ပြည်လုံး၏ ရက်ပေါင်း ၄၀ ကြာမြင့်မည့် နွေဦးပွဲတော် မီးရထားခရီးသည်များ ပို့ဆောင်မှုအစီအစဉ်ကို ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် စတင်လိုက်ပြီဖြစ်ကြောင်း China Media Group (CMG) က သတင်းထုတ်ပြန်ခဲ့သည်။ ယခုနှစ်တွင် ခရီးသည်စုစုပေါင်း သန်း ၅၄၀ ခန့် ပို့ဆောင်ရန် ခန့်မှန်းထားပြီး နေ့စဉ်ပျမ်းမျှအားဖြင့် ခရီးသည် ၁၃ ဒသမ ၄၈ သန်းခန့် တင်ဆောင်ပေးသွားမည်ဖြစ်ရာ၊ ၎င်းပမာဏမှာ ၂၀၂၅ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၅ ရာခိုင်နှုန်းခန့် ပိုမိုတိုးတက်လာခြင်းဖြစ်ကြောင်း သိရှိရပါသည်။


