back

မြန်မာအရှေ့တိုင်းဘဏ် (MOB) နှင့် ARCCI တို့ ဧရာဝတီတိုင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး

Feb 02 • 4:32 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာအရှေ့တိုင်းဘဏ် (MOB) နှင့် ARCCI တို့ ဧရာဝတီတိုင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး

မြန်မာအရှေ့တိုင်းဘဏ် (MOB) နှင့် ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ARCCI) တို့သည် တိုင်းဒေသကြီးအတွင်းရှိ MSME လုပ်ငန်းများ၊...

မြန်မာအရှေ့တိုင်းဘဏ် (MOB) နှင့် ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ARCCI) တို့သည် တိုင်းဒေသကြီးအတွင်းရှိ MSME လုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍများတွင် လိုအပ်သော ငွေကြေးအရင်းအနှီးများ ပံ့ပိုးကူညီပေးနိုင်ရန်အတွက် နားလည်မှုစာချွန်လွှာ (MoU) ကို ဇန်နဝါရီ ၃၁ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ တက်ရောက်ခဲ့သည့် ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ဒေသတွင်း စက်ရုံအလုပ်ရုံများ တိုးချဲ့ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းနှင့် တစ်ဦးချင်းဝင်ငွေ တိုးတက်လာစေရန် ဘဏ်များ၏ ပံ့ပိုးမှုသည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ ယခုကဲ့သို့ ငွေကြေးအရင်းအနှီး ပံ့ပိုးပေးခြင်းဖြင့် တိုင်းဒေသကြီး၏ စုစုပေါင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ကို မြင့်တက်လာစေမည်ဖြစ်ကြောင်း ပြောကြားခဲ့ကာ ရင်းနှီးမြှုပ်နှံသူများအား ဖိတ်ခေါ်ခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

22