ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်၊ ဘန်ဘောမြို့ရှိ စားသောက်ဆိုင်ပိုင်ရှင် ထိုင်းအမျိုးသမီးတစ်ဦးအား လက်ဟန်ခြေဟန်ဖြင့် "ပြည့်တန်ဆာရုံ ဘယ်မှာရှိသလဲ" ဟု မေးမြန်းခဲ့သည့် မြန်မာနိုင်ငံသားတစ်ဦးကို ဇန်နဝါရီ ၃၁ ရက် ညပိုင်းတွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ အဆိုပါအမျိုးသမီးက ကျေနပ်မှုမရှိ၍ တိုင်ကြားခဲ့သဖြင့် ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးခြင်းဖြစ်ပြီး၊ ဖမ်းဆီးစဉ်အတွင်း ၎င်းမြန်မာနိုင်ငံသားက လက်အုပ်ချီတောင်းပန်ခဲ့သော်လည်း ရဲတပ်ဖွဲ့က ကာအိန္ဒြေပျက်ပြားစေမှု ဖြင့် အမှုဖွင့်လှစ်ကာ ဘန်ဘောမြို့နယ်ရဲစခန်း၌ ထိန်းသိမ်းထားကြောင်း သိရှိရပါသည်။
ထိုင်းအမျိုးသမီးအား လက်ဟန်ခြေဟန်ဖြင့် ပြည့်တန်ဆာရုံအကြောင်း မေးမြန်းခဲ့သည့် မြန်မာနိုင်ငံသားတစ်ဦး ဖမ်းဆီးခံရ
Feb 02 • 4:31 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 18 | 0 | 0 | 0 |


