ဇန်နဝါရီလအတွင်း စံချိန်တင် မြင့်တက်ခဲ့သည့် ပြည်တွင်း ရွှေဈေးနှင့် ဒေါ်လာဈေး ပြန်ကျလာနေကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။ဇန်နဝါရီလအတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်း ၁၀၀ ကျော်ထိ စံချိန်တင်ဈေးတက်ခဲ့ပြီး ဇန်နဝါရီလ ၂၉ ရက်နေ့၌ ၁၁,၇၀၀,၀၀၀ ကျပ်အထိ ထပ်မံစံချိန်တင်ခဲ့ကြောင်း လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်း ၁၀,၅၀၀,၀၀၀ သို့ ဈေးပြန်ကျခဲ့သည်ဟု ဆိုသည်။အလားတူ အမေရိကန် ဒေါ်လာဈေးနှုန်းများလည်း ပြန်လည်ကျဆင်းလာခဲ့ပြီး အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာငွေကျပ် ၄၀၀၀ ကျပ်ဝန်းကျင်သို့ ပြန်လည်ကျဆင်းလာကြောင်း သိရသည်။
| 16 | 0 | 0 | 0 |


