အိန္ဒိယနိုင်ငံတွင် နီပါးရ် (Nipah) ဗိုင်းရပ်စ် ကူးစက်မှု ၅ မှု တွေ့ရှိခဲ့ပြီးနောက် အာရှနိုင်ငံအချို့တွင် လေဆိပ်ကျန်းမာရေးစစ်ဆေးမှုများ တင်းကျပ်ထားသော်လည်း အိန္ဒိယမှတစ်ဆင့် အခြားနေရာများသို့ ပျံ့နှံ့နိုင်ခြေမှာ လက်ရှိတွင် နည်းပါးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇန်နဝါရီ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အနောက်ဘင်ဂေါလ်ပြည်နယ်ရှိ လူနာများနှင့် ထိတွေ့ခဲ့သူ ၁၉၀ ကျော်တွင်လည်း ကူးစက်မှုမတွေ့ရဘဲ၊ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်မှုမြင့်တက်နေသည့် သက်သေအထောက်အထားလည်း မရှိသေးကြောင်း သိရသည်။ လင်းနို့နှင့် ဝက်များမှတစ်ဆင့် ကူးစက်တတ်ပြီး ပြင်းထန်ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားစေသည့် အဆိုပါဗိုင်းရပ်စ်အတွက် လက်ရှိတွင် တိကျသောကုထုံးမရှိသေးဘဲ ကာကွယ်ဆေးထုတ်လုပ်ရန်သာ ကြိုးပမ်းနေရဆဲဖြစ်ကြောင်း သိရှိရပါသည်။
Feb 02 • 3:00 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 20 | 0 | 0 | 0 |


