မန္တလေးမြို့၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်အတွင်းမှာရှိတဲ့ လယ်ယာမြေတွေကို အကွက်ရိုက်ပြီး ရောင်းချ နေတာတွေနဲ့ ပတ်သက်ပြီး ဌာနဆိုင်ရာတွေက အရေးယူ ဆောင်ရွက်တာမျိုးတွေ ရှိတာကြောင့် ပြည်သူတွေအနေနဲ့ ရောင်းမှားဝယ်မှား မဖြစ်ကြရအောင် သတိထားဖို့လိုတယ်လို့ ပုသိမ်ကြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီဌာန ကနေ သိရပါတယ်။လက်ရှိမှာ ပုသိမ်ကြီးမြို့နယ်ဟာ မြေယာအရှုပ်အရှင်း ပြဿနာအများဆုံးရှိတဲ့ မြို့နယ်တခုဖြစ်ပြီး ခိုင်မာမှုမရှိတဲ့ လယ်ယာမြေတွေပေါ်မှာ အကွက်ချပြီး ရောင်းချမှုတွေ ရှိနေတာကြောင့် ဝယ်ယူသူတွေအနေနဲ့ သက်ဆိုင်ရာကနေ တဆင့် စိစစ်ပြီးတော့မှ ဝယ်ယူဖို့ လိုအပ်ပါတယ်။လယ်ယာမြေတွေကို အကွက်ချရောင်းထားတာတွေကို ဝယ်ယူထားသူတွေအနေနဲ့ သက်ဆိုင်ရာ စစ်ဆေးအရေးယူတဲ့အခါ ငွေကြေးဆုံးရှုံးမှုပြဿနာတွေ ကြုံတွေ့နေသူတွေလည်းရှိပါတယ်။
Feb 02 • 2:32 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 25 | 0 | 0 | 0 |


