ထိုင်းနိုင်ငံရဲ့ လျှပ်စစ်ရထားလမ်းကွန်ရက်စီမံကိန်းဟာ လမ်းကြောင်း ၃၃ ခုနဲ့ ကီလိုမီတာ ၅၅၃ ကျော်အထိ တိုးချဲ့ပြေးဆွဲဖို့ ရည်မှန်းထားပြီး လက်ရှိမှာတော့ မဟာဗျူဟာစီမံချက်အတိုင်း တိုးတက်မှုတွေ ရှိနေပါတယ်။ ရထားပို့ဆောင်ရေးဦးစီးဌာနရဲ့ အဆိုအရ လက်ရှိအချိန်ထိ စီမံကိန်းတစ်ခုလုံးရဲ့ ၅၀ ရာခိုင်နှုန်းကျော်ဖြစ်တဲ့ ကီလိုမီတာ ၂၈၀ နီးပါးမှာ ရထားတွေ စတင်ပြေးဆွဲနေပြီ ဖြစ်ပါတယ်။လက်ရှိ ဝန်ဆောင်မှုပေးနေတဲ့ ရထားလမ်းပိုင်းတွေထဲမှာ အစိမ်းရောင်လိုင်း၊ အပြာရောင်လိုင်း၊ ခရမ်းရောင်လိုင်း၊ ရွှေရောင်လိုင်း၊ အနီရောင်လိုင်း၊ အဝါရောင်လိုင်းနဲ့ ပန်းရောင်လိုင်း အစရှိတဲ့ အဓိက လမ်းကြောင်းတွေ ပါဝင်ပါတယ်။ ဒီရထားလိုင်းတွေဟာ ဘန်ကောက်နဲ့ ဝန်းကျင်ဒေသတွေက ခရီးသွားပြည်သူ အရေအတွက် များပြားလာတာနဲ့အမျှ အရေးပါတဲ့ ပို့ဆောင်ရေးစနစ်တစ်ခု ဖြစ်လာပါတယ်။ရှေ့ဆက်ဖွင့်လှစ်မယ့် စီမံကိန်းတွေအနေနဲ့ ၂၀၂၈ ခုနှစ်မှာ လိမ္မော်ရောင်လိုင်း (Cultural Center–Min Buri) နဲ့ ၂၀၃၀ ခုနှစ်မှာ ခရမ်းရောင်လိုင်းနဲ့ လိမ္မော်ရောင်လိုင်း အပိုင်းသစ်တွေကို ဖွင့်လှစ်ဖို့ ရှိပါတယ်။ ဒါ့အပြင် ၂၀၂၆ ခုနှစ်အတွင်းမှာ အနီရောင်လိုင်း အပိုင်းသစ်နှစ်ခုဖြစ်တဲ့ Siriraj–Salaya နဲ့ Rangsit–Thammasat University လမ်းပိုင်းတွေအတွက် စာချုပ်ချုပ်ဆိုပြီး တည်ဆောက်ရေးလုပ်ငန်းတွေ စတင်ဖို့ ပြင်ဆင်နေပါတယ်။
Feb 02 • 2:30 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 12 | 0 | 0 | 0 |


