back

တရုတ်နိုင်ငံ၏ ဘဏ္ဍာရေးအင်အား မြှင့်တင်ရေးနှင့် စပ်လျဉ်းသည့် သမ္မတရှီ၏ ဆောင်းပါးအား ထုတ်ပြန်မည်

Feb 02 • 1:27 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်နိုင်ငံ၏ ဘဏ္ဍာရေးအင်အား မြှင့်တင်ရေးနှင့် စပ်လျဉ်းသည့် သမ္မတရှီ၏ ဆောင်းပါးအား ထုတ်ပြန်မည်

တရုတ်သွင်ပြင်လက္ခဏာများဖြင့် ဘဏ္ဍာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းအတိုင်း လျှောက်လှမ်းရေး၊ တရုတ်နိုင်ငံ၏ ဘဏ္ဍာရေးအင်အား မြှင့်တင်ရေးနှင့် စပ်လျဉ်း၍ တရုတ်က...

တရုတ်သွင်ပြင်လက္ခဏာများဖြင့် ဘဏ္ဍာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းအတိုင်း လျှောက်လှမ်းရေး၊ တရုတ်နိုင်ငံ၏ ဘဏ္ဍာရေးအင်အား မြှင့်တင်ရေးနှင့် စပ်လျဉ်း၍ တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန် ရေးသားထားသည့် ဆောင်းပါးတစ်ပုဒ်အား ဖေဖော်ဝါရီ ၁ ရက်၌ ထုတ်ပြန်သွားမည်ဟု သိရသည်။တရုတ်နိုင်ငံ သမ္မတနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သူ ရှီ ရေးသားထားသည့် အဆိုပါ ဆောင်းပါးအား CPC ဗဟိုကော်မတီ၏ အထင်ကရ မဂ္ဂဇင်းဖြစ်သည့် Qiushi ဂျာနယ်၏ ယခုနှစ်အတွင်း တတိယအကြိမ် ထုတ်ဝေမည့် စာစောင်၌ ဖော်ပြသွားမည်ဖြစ်သည်။ တရုတ်သွင်ပြင်လက္ခဏာများဖြင့် တရုတ်နိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှာ ခေတ်မီ ဘဏ္ဍာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းအတိုင်း လျှောက်လှမ်းရုံသာမက တရုတ်နိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီသည့် ထူးခြားသော ဝိသေသလက္ခဏာများလည်း ပါဝင်လျက်ရှိကာ အနောက်တိုင်း၏ ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှု စံနမူနာပုံစံနှင့် ကွဲပြားခြားနားသည်ဟု ထိုဆောင်းပါး၌ ဖော်ပြထားသည်။

news-view-count-icon

10