ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် မြန်မာအရှေ့တိုင်းဘဏ်(MOB)နှင့် ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(ARCCI)တို့အကြား နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဧရာ၀တီတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ မြန်မာအရှေ့တိုင်းဘဏ် (MOB)မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။မြန်မာအရှေ့တိုင်းဘဏ်လီမိတက်မှ အမှတ်တရလက်ဆောင်နှင့် MSMEs ရန်ပုံငွေအတွက် အလှူငွေများပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့သည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌက နားလည်မှုဆိုင်ရာစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းအတွက် ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် မြန်မာအရှေ့တိုင်းဘဏ်လီမိတက်ဥက္ကဋ္ဌမှ နားလည်မှုဆိုင်ရာစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းအတွက် ရှင်းလင်းတင်ပြခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(ARCCI)နှင့် မြန်မာအရှေ့တိုင်းဘဏ် (MOB)တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
ဧရာဝတီတိုင်း၌ မြန်မာအရှေ့တိုင်းဘဏ်(MOB)နှင့် ဧရာဝတီတိုင်းဒေသကြီးကုန်သည်များများအသင်း(ARCCI)တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး
Feb 02 • 1:26 AM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 21 | 0 | 0 | 0 |


