ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ပဉ္စမအကြိမ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ၊ ဒိုးပတ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၃၁ ရက်နေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ မြန်မာတို့၏ ရိုးရာအစဉ်အလာနှင့်အညီ အိုးစည်ဒိုးပတ်ဝိုင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ရှေးဦးစွာ ဒိုးပတ်ပြိုင်ပွဲကို ကျင်းပရာ မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်များနှင့် ဝိုင်းမော်မြို့နယ်မှ ပြိုင်ပွဲဝင် ဒိုးပတ်အသင်း (၅) သင်းက မြန်မာရိုးရာထမနဲထိုးပွဲ ပုံရိပ်ကို ဖော်ဆောင်သည့် သံချပ်/ သီချင်း စာသားများနှင့်အတူ ဦးရွှေရိုးနှင့် ဒေါ်မိုးအကတို့ဖြင့် ပါဝင်ယှဉ်ပြိုင်သညိ။ဆက်လက်၍ ပြိုင်ပွဲဝင်အသင်းများက သတ်မှတ်နေရာအသီးသီးတွင် ဒိုင်များ၏ ကြီးကြပ်မှုဖြင့် ထမနဲထိုးခြင်းကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စတင်ယှဉ်ပြိုင်ကြရာ ဒိုးပတ်အိုးစည် အကတို့ဖြင့် အထူးစည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြပြီး မြန်မာ့ရိုးရာအက အလှများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။
| 15 | 0 | 0 | 0 |


