ကချင်ပြည်နယ်၌ ပြည်နယ်ဝန်ကြီးများသည် မြစ်ကြီးနားမြို့ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းရှိ သာသနဟိတဓမ္မဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်သည့် အမှတ်စဉ် (၁၃) ကြိမ်မြောက် (၂) နှစ်ဒီပလိုမာ ဆရာဖြစ်သင်တန်းဆင်းပွဲနှင့် (၁၄) ကြိမ်မြောက်သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ကြပြီး ဝန်းသိုကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကေတုမာလာထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြကာ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းက သာသနာရေးဆိုင်ရာများကို လျှောက်ထားခဲ့သည်။
ကချင်ပြည်နယ်၌ (၂) နှစ်ဒီပလိုမာ ဆရာဖြစ်သင်တန်းဆင်းပွဲနှင့် (၁၄) ကြိမ်မြောက် သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ
Feb 02 • 1:24 AM
မြန်မာ
ကချင်
မျှဝေမည်
| 13 | 0 | 0 | 0 |


