back

မင်းဘူးမြို့၌ တပို့တွဲလရာသီ မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပြိုင်ပွဲ ကျင်းပ

Feb 02 • 1:22 AM

breaking-news

မြန်မာ

မကွေး

cover

မင်းဘူးမြို့၌ တပို့တွဲလရာသီ မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ၂၀၂၆ ခုနှစ်၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ ပဉ္စမအကြိမ်မြောက် တပို့တွဲလရာသီ မြန်မာ့ရိုးရာ စုပေါင်းထမန...

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ၂၀၂၆ ခုနှစ်၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ ပဉ္စမအကြိမ်မြောက် တပို့တွဲလရာသီ မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပြိုင်ပွဲကို ဇန်နဝါရီလ ၃၁ ရက် နေ့လယ် ၃ နာရီအချိန်က မင်းဘူမြို့ အမှတ်(၄)ရပ်ကွက်ရှိ ခရိုင်အားကစားကွင်း အတွင်း၌ ကျင်းပသည်။ပြိုင်ပွဲဝင်အသင်းများက ထမနဲထိုးပြိုင်ပွဲ၌ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ တက်ညီလက်ညီ ယှဉ်ပြိုင်ခဲ့ရာ အမှတ်ပေးအဖွဲ့မှ ဒိုင်လူကြီးများက လှည့်လည်ကြည့်ရှုအကဲဖြတ် အမှတ်ပေး၍ ထမနဲထိုးပြိုင်ပွဲတွင် ဆုရှိသော အသင်းများအား တာဝန်ရှိသူများက ဆုများကို အသီးသီးပေးအပ်ခဲ့သည်။

news-view-count-icon

49