ဒီနေ့ ဖေဖော်ဝါရီလ ၁ ရက် နေ့လယ်ပိုင်းက မဲဆောက်မြို့နယ်၊ မယ်ကုစပ်ထကျေးရွာရှိ မဲ့လမောင်းချောင်းထဲ မြန်မာလူငယ် (၂) ဦး ရေဆင်းချိုးရာမှ အသက် ၁၈ နှစ်အရွယ်ခန့်(အမျိုးသား)လူငယ်တစ်ဦး ရေနစ်ပျောက်ဆုံး သွားခဲ့တာပါ။ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျေးရွာတာဝန်ရှိသူတွေက ကယ်ဆယ်ရေးအဖွဲ့ဝင် ၁၅ ဦးကို ဆက်သွယ်ခေါ်ယူကာ ချောင်းထဲမှာ ရေနစ်ပျောက်ဆုံးသွားခဲ့တဲ့ မြန်မာလူငယ်ကို ဒီနေ့ ညနေ ၄ နာရီအချိန်ကစတင်ပြီး ၆ နာရီအထိ ၄ နာရီကြာ လိုက်လံရှာဖွေခဲ့ပေမဲ့ ပြန်လည်တွေ့ရှိခြင်းမရှိသေးဘူးလို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။



