back

ရန်ကုန်-နေပြည်တော်-မန္တလေး လမ်းပိုင်း ရထားလက်မှတ်ကို အွန်လိုင်းက ယနေ့ ဝယ်ယူနိုင်ပြီ

Feb 01 • 12:19 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ရန်ကုန်-နေပြည်တော်-မန္တလေး လမ်းပိုင်း ရထားလက်မှတ်ကို အွန်လိုင်းက ယနေ့ ဝယ်ယူနိုင်ပြီ

ရန်ကုန်-နေပြည်တော်-မန္တလေး ရထားလမ်းပိုင်းအတွက် ရထားလက်မှတ်ကိုအွန်လိုင်းမှတဆင့် ရထားလက်မှတ်ဝယ်ယူရာတွင် ခရီးစဉ်အစအဆုံးအတွက် ၇ ရက် ကြိုတင် ဝယ်ယူခြင်း ၊ ကြားဘူတာအတွ...

ရန်ကုန်-နေပြည်တော်-မန္တလေး ရထားလမ်းပိုင်းအတွက် ရထားလက်မှတ်ကိုအွန်လိုင်းမှတဆင့် ရထားလက်မှတ်ဝယ်ယူရာတွင် ခရီးစဉ်အစအဆုံးအတွက် ၇ ရက် ကြိုတင် ဝယ်ယူခြင်း ၊ ကြားဘူတာအတွက် ၃ ရက် ကြိုတင်ဝယ်ယူရမည်ဖြစ်သည်။အွန်လိုင်းမှတဆင့် ရထားလက်မှတ်ယူခြင်းကို ပထမဦးဆုံးအကြိမ်ဖြစ်သည့်အတွက် Pilot Project အဖြစ် အမှတ် ၁၁ အဆန် နှင့် ၁၂ အစုန် ရန်ကုန်-မန္တလေးရထားခရီးစဉ်၊ ရန်ကုန်-နေပြည်တော် DEMU ရထားခရီးစဥ်များဖြစ်သည့် အမှတ် ၇ အဆန် နှင့် ၈ အစုန် ရထား ၊ အမှတ် ၃၁ အဆန် နှင့် ၃၂အစုန် ရထားခရီးစဥ်အတွက် စတင်ရောင်းချပေးမည်ဖြစ်သည်။ထိုနည်းတူ မန္တလေး-နေပြည်တော်- မန္တလေး ခရီးစဉ်အဖြစ် အမှတ် ၂၇ အဆန်၊ အမှတ် ၂၈ အစုန် လူစီး အမြန်ရထားခရီးစဉ်ကိုလည်း ဝယ်ယူနိုင်ပြီ ဖြစ်သည်။

အွန်လိုင်းမှ ဝယ်ယူထားသည့် ရထားလက်မှတ် e-Receipt ကို ရထားမထွက်ခွာမှီ ၁ နာရီအလို ကြိုတင်ပြီး သက်ဆိုင်ရာဘူတာရုံ ကောင်တာတွင် လဲလှယ်ရမည်ဖြစ်ကြောင်း သိရသည်။



news-view-count-icon

30