back

တွံတေးမြို့နယ်၌ ဒီဇယ်ဆီများ တရားမဝင်လက်ဝယ်ထားရှိရောင်းချသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူ

Feb 01 • 12:17 PM

breaking-news

မြန်မာ

ရန်ကုန်

cover

တွံတေးမြို့နယ်၌ ဒီဇယ်ဆီများ တရားမဝင်လက်ဝယ်ထားရှိရောင်းချသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူ

ဇန်နဝါရီလ ၂၈ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်တွင် တွံတေးမြို့နယ်၊ မိချောင်းဝဲ ကျေးရွာနေ ဦးမျိုးဇော်အောင်(၃၉)နှစ်၏နေအိမ်၌ စက်သုံးဆီများ တရားမဝင်လက်ဝယ်ထားရှိ ရောင်...

ဇန်နဝါရီလ ၂၈ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်တွင် တွံတေးမြို့နယ်၊ မိချောင်းဝဲ ကျေးရွာနေ ဦးမျိုးဇော်အောင်(၃၉)နှစ်၏နေအိမ်၌ စက်သုံးဆီများ တရားမဝင်လက်ဝယ်ထားရှိ ရောင်းချနေကြောင်းသတင်းအရ တွံတေးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် ရေနံနှင့်ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန(ရန်ကုန်)မှ ဦးစီးအရာရှိ ဦးအောင်လွင်တို့ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ ယင်းသို့စစ်ဆေးရာ ၎င်း၏နေအိမ်အနီး ဂိုထောင်အတွင်းမှ ဒီဇယ်ဆီပီပါ ၅၀ လုံး၊ ၁,၀၀၀ လီတာဆန့် ပလပ်စတစ်ကန် ၃ ကန်၊ ပရီမီယမ်ဒီဇယ်ဆီပေပါ ၃ လုံး၊ စတီးကန် ၁ ကန်၊ ဒီဇယ်ဆီ စုစုပေါင်း (၃၃၈၀)ဂါလံ( ၁ ဂါလံလျှင် ၁၁,၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း ခန့်မှန်းတန်ဖိုး ၃၇,၁၈၀,၀၀၀ ကျပ်)၊ ပီပါခွံ ၅၀ လုံး၊ စက်သုံးဆီများ သယ်ဆောင်သည့် BGO-11 9M-xxxx ISUZU ယာဉ် တစ်စီး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် မျိုးဇော်အောင်အား ခလောက်ချိုက်နယ်မြေရဲစခန်း (ပ)၆/၂၀၂၆၊ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေပုဒ်မ ၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။




news-view-count-icon

14