back

ဖေဖော်ဝါရီလအတွင်း ရန်ကုန်ဆိပ်ကမ်းများသို့ နိုင်ငံတကာကုန်သေတ္တာတင်သင်္ဘော အစီး ၆၀ ဝင်ရောက်ဆိုက်ကပ်မည်

Feb 01 • 7:57 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ဖေဖော်ဝါရီလအတွင်း ရန်ကုန်ဆိပ်ကမ်းများသို့ နိုင်ငံတကာကုန်သေတ္တာတင်သင်္ဘော အစီး ၆၀ ဝင်ရောက်ဆိုက်ကပ်မည်

မြန်မာ့ဆိပ်ကမ်းအာဏာပိုင် (MPA) ၏ ထုတ်ပြန်ချက်အရ ယခု ဖေဖော်ဝါရီလအတွင်း နိုင်ငံတကာသင်္ဘောလိုင်း ၁၂ လိုင်းမှ ကုန်သေတ္တာတင်သင်္ဘော စုစုပေါင်း အစီး ၆၀ ဝင်ရောက်ဆိုက်က...

မြန်မာ့ဆိပ်ကမ်းအာဏာပိုင် (MPA) ၏ ထုတ်ပြန်ချက်အရ ယခု ဖေဖော်ဝါရီလအတွင်း နိုင်ငံတကာသင်္ဘောလိုင်း ၁၂ လိုင်းမှ ကုန်သေတ္တာတင်သင်္ဘော စုစုပေါင်း အစီး ၆၀ ဝင်ရောက်ဆိုက်ကပ်ရန် ရှိကြောင်း သိရသည်။ ပင်လယ်ရေကြောင်းကုန်သွယ်မှု တိုးမြှင့်နိုင်ရန်အတွက် COSCO၊ SITC နှင့် CMA-CGM အစရှိသည့် သင်္ဘောလိုင်းများမှ အများဆုံးဝင်ရောက်ရန် စီစဉ်ထားပြီး၊ ပြီးခဲ့သည့် ဇန်နဝါရီလတွင်လည်း သင်္ဘော ၆၃ စင်းအထိ ဝင်ရောက်ခဲ့သည်။ လက်ရှိတွင် ရန်ကုန်ဆိပ်ကမ်းနှင့် သီလဝါဆိပ်ကမ်းတို့ရှိ ဆိပ်ကမ်းတံတား ၄၆ စင်းဖြင့် ဝန်ဆောင်မှုပေးလျက်ရှိကာ ပြည်ပသို့ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးနှင့် ပြည်တွင်းလိုအပ်ချက် သွင်းကုန်များအတွက် သင်္ဘောလိုင်းများက ခရီးစဉ်များ တိုးချဲ့ပြေးဆွဲပေးနေကြောင်းသိရှိရပါသည်။

news-view-count-icon

12