သီပေါမြို့ရှိ သီတဂူစက္ခုဒါန ဆေးရုံတွင် ၅၅ ကြိမ်မြောက် မျက်စိခွဲစိတ်ကုသမှုအဖြစ် မျက်စိဝေဒနာရှင်ပေါင်း ၈၆၅ ဦးကို စမ်းသပ်စစ်ဆေးပေးခဲ့ပြီး မျက်စိဝေဒနာရှင် ၃၈၂ ဦးကို အခမဲ့ ခွဲစိတ်ကုသပေးခဲ့ကြောင်း ဆေးရုံမှတ်တမ်းအရ သိရှိရသည်။သီပေါသီတဂူစက္ခုဒါနဆေးရုံ၏ ၅၅ ကြိမ်မြောက် အခမဲ့မျက်စိကုသမှု အစီအစဉ်ကို ၂၀၂၆-ခုနှစ် ဇန္နဝါရီလ ၂၈ ရက်မှ ဇန္နဝါရီလ ၃၁-ရက်ထိ ဖွင့်လှစ်ကုသသွားရန် စီစဉ်ထားသော်လည်း ယခုအကြိမ်တွင် အနယ်နယ်အရပ်ရပ်မှ ကုသရန် ကြိုတင်လာရောက် စောင့်ဆိုင်းသူများအရ အစီအစဉ်ကို နှစ်ရက်စော၍ ဇန်နဝါရီ ၂၆ ရက်နေ့မှစတင် ဖွင့်လှစ်ကုသပေးခဲ့ကြောင်း သိရှိရသည်။
အခမဲ့မျက်စိကုသမှု အစီအစဉ်ကို ၂၈ ရက်နေ့လို့ ကြေငြာထားပေမယ့် ၂၆ ရက်နေ့မှာ ၂-ရက်စောပြီး ကုသပေးပါတယ် ။ ဆောင်းတွင်းအေးကအေးနဲ့ ကုချင်ကြလွန်းလို့ အစောကြီးထဲက လာအိပ်စောင့်နေကြတာမို့ အားလုံးအဆင်သင့်ဖြစ်နေကြလို့ ကုပေးလိုက်ပါတယ် ။ မူလက ခွဲစိပ်ကုသဖို့ လူနာ ၂၅၀ လျာထားပေမယ့် ၃၈၀ ကျော် ဆောင်ရွက်နိုင်ခဲ့တယ် " ဟု သီပေါ မဟာမုနိဘုရားကြီးကျောင်းတိုက် ဆရာတော် ဦးပညာသီရိက မိန့်ကြားခဲ့သည် ။



