back

ကာလိမြို့တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား ၂၃၃ဦးကို ဖမ်းမိ

Feb 01 • 6:15 AM

breaking-news

မြန်မာ

ရှမ်း

cover

ကာလိမြို့တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား ၂၃၃ဦးကို ဖမ်းမိ

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကာလိမြို့၊ ဝမ်နမ့်မင်းကျေးရွာအနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်နေသည့် တရုတ်နိုင်ငံသား ၂၃၃ ဦးကို သက်သေခံပစ္စည်းများနှင့...

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကာလိမြို့၊ ဝမ်နမ့်မင်းကျေးရွာအနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်နေသည့် တရုတ်နိုင်ငံသား ၂၃၃ ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပြည်သူများ၏ သတင်းပေးပို့ချက်အရ ဇန်နဝါရီ ၃၀ ရက်နှင့် ၃၁ ရက်တို့တွင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာ တရုတ်နိုင်ငံသား အမျိုးသား ၂၂၁ ဦးကို ပထမအသုတ်အဖြစ် လည်းကောင်း၊ ၎င်းနောက် အမျိုးသား ၇ ဦးနှင့် ၅ ဦးတို့ကို အသုတ်လိုက် ထပ်မံဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးရမိသူများနှင့် သိမ်းဆည်းရမိသည့် ဆက်စပ်ပစ္စည်းများကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး နောက်ကွယ်မှ ပါဝင်ပတ်သက်နေသူများကိုလည်း ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရှိရပါသည်။

news-view-count-icon

14