ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် (၁၈) ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဇန်နဝါရီလ ၃၁ ရက် ညနေပိုင်းတွင် စေတီတော်အရှေ့ဘက်အောက်ပစ္စယာရှိ ထန်းပင်ကုန်းကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ အဆိုပါပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများ တက်ရောက်အားပေးခဲ့ကြပြီး ဂေါပကရုံးဌာနများနှင့် စေတနာရှင်အသင်းပေါင်း ၃၆ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ပြိုင်ပွဲတွင် သစ္စာမဏ္ဍိုင်စေတနာရှင်ဆွမ်းတော်ကပ်အသင်း က ပထမဆု (၁၂ သိန်းကျပ်)၊ လုံခြုံရေးနှင့်မီးသတ်ဌာနက ဒုတိယဆု (၉ သိန်းကျပ်) နှင့် လုပ်ငန်းမြို့ပြဌာနအဖွဲ့များက တတိယဆု (၈ သိန်းကျပ်) အသီးသီး ရရှိခဲ့ကြသည်။ ထို့ပြင် ဝန်ကြီးချုပ်က ပြိုင်ပွဲဝင်တစ်သင်းလျှင် ဂုဏ်ပြုဆုငွေ တစ်သိန်းကျပ်စီ ထပ်မံချီးမြှင့်ခဲ့သည်။ ပြိုင်ပွဲမှရရှိသော ထမနဲများကို ဖေဖော်ဝါရီလ ၁ ရက် (တပို့တွဲလပြည့်နေ့) တွင် မြတ်စွာဘုရားအား အရုဏ်ဆွမ်းကပ်ခြင်း၊ သံဃာတော် ၆၄ ပါးအား လောင်းလှူခြင်းနှင့် ဘုရားဖူးလာပြည်သူများကို ဝေငှကုသိုလ်ပြုခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ရွှေတိဂုံစေတီတော် (၁၈)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပပြီး ဆုရရှိသူများကို ဆုများချီးမြှင့်
Feb 01 • 6:07 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 20 | 0 | 0 | 0 |


