back

လုပ်ငန်းခွင်မတော်တဆမှုဖြစ်ပြီး မျက်လုံးတစ်ဖက်ဆုံးရှုံးခဲ့ရသည့် မြန်မာအလုပ်သမားအား နစ်နာကြေးမပေးသည့်အပြင် အလုပ်ထုတ်ခဲ့သော ထိုင်းလုပ်ငန်းရှင်ကို အမှုဖွင့်တိုင်ကြား

Feb 01 • 6:02 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

လုပ်ငန်းခွင်မတော်တဆမှုဖြစ်ပြီး မျက်လုံးတစ်ဖက်ဆုံးရှုံးခဲ့ရသည့် မြန်မာအလုပ်သမားအား နစ်နာကြေးမပေးသည့်အပြင် အလုပ်ထုတ်ခဲ့သော ထိုင်းလုပ်ငန်းရှင်ကို အမှုဖွင့်တိုင်ကြား

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့ရှိ ပစ္စည်းသိုလှောင်ရုံတစ်ခုတွင် လုပ်ငန်းခွင်မတော်တဆမှုကြောင့် ဘယ်ဘက်မျက်လုံးတစ်ဖက် ဆုံးရှုံးခဲ့ရသည့် မြန်မာအလုပ်သမားတစ်ဦးအား နစ်နာကြ...

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့ရှိ ပစ္စည်းသိုလှောင်ရုံတစ်ခုတွင် လုပ်ငန်းခွင်မတော်တဆမှုကြောင့် ဘယ်ဘက်မျက်လုံးတစ်ဖက် ဆုံးရှုံးခဲ့ရသည့် မြန်မာအလုပ်သမားတစ်ဦးအား နစ်နာကြေးမပေးဘဲ အလုပ်ထုတ်ပစ်ခဲ့သည့် ထိုင်းလုပ်ငန်းရှင်ကို အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး၌ အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။ အဆိုပါအလုပ်သမားသည် ၂၀၂၅ ခုနှစ် စက်တင်ဘာလက ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုအပြီး လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ချိန်တွင် လုပ်ငန်းရှင်က အလုပ်ထုတ်ပစ်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် နစ်နာသူအလုပ်သမားမှာ နေထိုင်ရေးအခက်အခဲရှိနေသဖြင့် M.H.A.C (အေအေစီ ကိုရဲမင်း) အဖွဲ့က ခေါ်ယူစောင့်ရှောက်ထားပြီး၊ ဆုံးရှုံးသွားသော မျက်လုံးအတွက် ထိုက်သင့်သည့် နစ်နာကြေးနှင့် ကျန်ရှိသော လုပ်ခလစာများ ပြန်လည်ရရှိရန် M.H.A.C နှင့် LPN အဖွဲ့တို့ ပူးပေါင်းကာ ဥပဒေကြောင်းအရ အရေးဆို ဆောင်ရွက်နေကြောင်း သိရှိရပါသည်။

news-view-count-icon

15