မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက်၊ အဖိတ်နေ့ညနေခင်းတွင် ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော်မြတ်ကြီး၌ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ မြန်မာ့ဆယ့်နှစ်လရာသီပွဲတော်များအနက် ဆယ့်တစ်လမြောက်ဖြစ်သော တပို့တွဲလတွင် ကျင်းပလေ့ရှိသည့် ဤရိုးရာထမနဲပွဲတော်ကို စည်းလုံးညီညွတ်မှုနှင့် ကုသိုလ်ရေးအထိမ်းအမှတ်အဖြစ် နှစ်စဉ်ကျင်းပခြင်းဖြစ်သည်။ ယခုနှစ်တွင်လည်း စေတီတော်ရင်ပြင်၌ အသင်းအဖွဲ့အသီးသီးက တက်ကြွစွာ ပါဝင်ဆင်နွှဲနေကြသည့် ကြည်နူးဖွယ်မြင်ကွင်းများကို တွေ့ရှိရကြောင်း သိရှိရပါသည်။
Feb 01 • 4:46 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 9 | 0 | 0 | 0 |


