ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီခရိုင်အတွင်းရှိ တောတွင်းတစ်နေရာတွင် တရားမဝင် ခိုးဝင်လာသော မြန်မာနိုင်ငံသား ၁၁၂ ဦးကို ဇန်နဝါရီလ ၃၀ ရက် နံနက်ပိုင်းက ထိုင်းကင်းလှည့်စစ်သားများက ဖမ်းဆီးမိခဲ့သည်။ အဆိုပါဖမ်းဆီးခံရသူများသည် ရန်ကုန်နှင့် မော်လမြိုင်ဒေသများမှ အသက် ၂၀ မှ ၃၅ နှစ်အတွင်းရှိ လူငယ်များဖြစ်ကြပြီး၊ ထိုင်းနိုင်ငံသို့ အလုပ်အကိုင်ရှာဖွေရန် ပွဲစားများကို ဘတ်ငွေ ၂ သောင်းမှ ၄ သောင်းအထိ ပေးဆောင်ကာ ဝင်ရောက်လာကြသူများဖြစ်သည်။ ပွဲစားများ၏ စနစ်မကျသော ခေါ်ယူမှုကြောင့် ယခုကဲ့သို့ အစုလိုက်အပြုံလိုက် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ၎င်းတို့အား ထိုင်းဥပဒေအရ အရေးယူကာ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ လတ်တလောတွင် ထိုင်းအာဏာပိုင်များသည် တရားမဝင်လုပ်သားများကို အရှိန်အဟုန်ဖြင့် ဖမ်းဆီးလျက်ရှိရာ ဇန်နဝါရီလ ၂၈ ရက်ကလည်း ချွန်ဘူရီခရိုင်ရှိ တရုတ်ပိုင်ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှ မြန်မာလုပ်သား ၂၇ ဦးကို ဖမ်းဆီးခဲ့သေးကြောင်း သိရှိရပါသည်။
Feb 01 • 4:45 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 12 | 0 | 0 | 0 |


