back

တရုတ်တွင် AI ယာဉ်ထိန်းရဲများကို စမ်းသပ်တာဝန်ပေး

Feb 01 • 4:43 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်တွင် AI ယာဉ်ထိန်းရဲများကို စမ်းသပ်တာဝန်ပေး

တရုတ်နိုင်ငံရှိ မြို့ကြီးအချို့တွင် ယာဉ်ကြောပိတ်ဆို့မှုပြဿနာကို ဖြေရှင်းရန်နှင့် အများပြည်သူဘေးကင်းလုံခြုံရေးအတွက် ဉာဏ်ရည်တု (AI) စနစ်သုံး "RoboCop" စက်ရုပ်ရဲမျ...

တရုတ်နိုင်ငံရှိ မြို့ကြီးအချို့တွင် ယာဉ်ကြောပိတ်ဆို့မှုပြဿနာကို ဖြေရှင်းရန်နှင့် အများပြည်သူဘေးကင်းလုံခြုံရေးအတွက် ဉာဏ်ရည်တု (AI) စနစ်သုံး "RoboCop" စက်ရုပ်ရဲများကို စတင်တာဝန်ပေးအပ်လျက်ရှိသည်။ AiMOGA Robotics မှ ထုတ်လုပ်သော Intelligent Police Unit R001အမည်ရှိ လူသားပုံစံစက်ရုပ်များသည် ရုပ်ထွက်မြင့်ကင်မရာများနှင့် အာရုံခံကိရိယာများအသုံးပြု၍ ယာဉ်စည်းကမ်းဖောက်ဖျက်သူများကို ချက်ချင်းသတိပေးခြင်း၊ လက်မှတ်ထုတ်ပေးခြင်းနှင့် ယာဉ်ကြောထိန်းချုပ်သည့် လက်ဟန်ခြေဟန်ပြသခြင်းများကို လုပ်ဆောင်နိုင်စွမ်းရှိသည်။ လက်ရှိတွင် ချန်ဒူးနှင့် ဟန်ကျိုးအပါအဝင် မြို့ကြီးများ၌ လူသားရဲအရာရှိများ၊ စက်ရုပ်ခွေးများနှင့် ပူးပေါင်းကာ နေပူမိုးရွာမရှောင် အချိန်ပြည့် တာဝန်ထမ်းဆောင်နေပြီဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

10