back

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် SCO အ တွင်းရေးမှူးချုပ်၊ အာဆီယံနိုင်ငံသံအမတ်ကြီးများတွေ့ ဆုံ

Feb 01 • 4:19 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် SCO အ တွင်းရေးမှူးချုပ်၊ အာဆီယံနိုင်ငံသံအမတ်ကြီးများတွေ့ ဆုံ

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဝင်းမြင့်သည် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ အတွင်းရေးမှူးချုပ် H.E. Mr. Nurlan ...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဝင်းမြင့်သည် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ အတွင်းရေးမှူးချုပ် H.E. Mr. Nurlan Yermekbayev နှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံနှင့် SCO အကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။ ထို့အပြင် မြန်မာသံအမတ်ကြီးသည် ဇန်နဝါရီ ၂၆ ရက်မှ ၃၀ ရက်အတွင်း တရုတ်နိုင်ငံဆိုင်ရာ ဖိလစ်ပိုင်၊ ကိုရီးယား၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်နိုင်ငံ သံအမတ်ကြီးများကိုလည်း သီးခြားစီ တွေ့ဆုံခဲ့ကြောင်း သိရသည်။ ယင်းတွေ့ဆုံမှုများအတွင်း နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများအပြင် ဒေသတွင်း ဖြစ်ပေါ်တိုးတက်မှုများကိုပါ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

news-view-count-icon

8