ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ၏ စာရင်းများအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တစ်နှစ်တာအတွင်း YBS ယာဉ်မတော်တဆမှု စုစုပေါင်း ၇၂ မှု ဖြစ်ပွားခဲ့ပြီး ၅၄ ဦး ထိခိုက်ဒဏ်ရာရကာ ၃၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ယင်းအရေအတွက်သည် ၂၀၂၄ ခုနှစ်က ဖြစ်ပွားခဲ့သော မတော်တဆမှု ၆၇ မှု၊ ဒဏ်ရာရသူ ၁၃၃ ဦးနှင့် သေဆုံးသူ ၃၆ ဦးရှိခဲ့သည့် အခြေအနေနှင့် နှိုင်းယှဉ်ပါက ဒဏ်ရာရရှိသူနှင့် သေဆုံးသူအရေအတွက် အနည်းငယ်ကျဆင်းလာခြင်းဖြစ်သည်။ YRTC အနေဖြင့် ယာဉ်မတော်တဆမှုများ လျော့နည်းစေရန်အတွက် ယာဉ်မောင်းများကို မူးယစ်ဆေးဝါးစစ်ဆေးခြင်း၊ စည်းကမ်းဖောက်ဖျက်မှုအကြိမ်အရေအတွက်အလိုက် ရာသက်ပန်ထုတ်ပယ်ခြင်းနှင့် လိုင်စင်ပိတ်သိမ်းခြင်းစသည့် ပြစ်ဒဏ် ၁၃၈ ချက်ဖြင့် တင်းကျပ်စွာအရေးယူလျက်ရှိကြောင်း သိရှိရပါသည်။
Feb 01 • 4:14 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 10 | 0 | 0 | 0 |


