ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ် (၉) ရပ်ကွက်၊ မြင်းဖြူအင်းလမ်းရှိ နေအိမ်တစ်လုံးတွင် ဖေဖော်ဝါရီလ ၁ ရက်၊ နံနက်အစောပိုင်း ၃ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း သိရသည်။ မီးလောင်မှုသတင်းရရှိသည်နှင့် တောင်ငူမြို့နယ်မီးသတ်တပ်ဖွဲ့၊ Taungoo Rescue (T-Rescue) အဖွဲ့နှင့် လူမှုကူညီရေးအသင်းများက ပူးပေါင်းငြှိမ်းသတ်ခဲ့သဖြင့် နံနက် ၃ နာရီ ၂၂ မိနစ်တွင် မီးငြိမ်းသွားခဲ့သော်လည်း နေအိမ်မှာ ပျက်စီးဆုံးရှုံးသွားခဲ့သည်။ အဆိုပါမီးလောင်မှုအတွင်း မီးလောင်ဒဏ်ရာများဖြင့် သေဆုံးနေသည့် ရုပ်အလောင်းတစ်ခုကို တွေ့ရှိခဲ့ရသဖြင့် ကယ်ဆယ်ရေးအဖွဲ့များက တောင်ငူမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပါသည်။
Feb 01 • 3:55 AM
မြန်မာ
ပဲခူး
မျှဝေမည်
| 26 | 0 | 0 | 0 |


