စင်ကာပူနိုင်ငံ Jurong Regional Library မှာ ကျင်းပနေတဲ့ "Maid of Honour" ပြပွဲဟာ စင်ကာပူရောက် နိုင်ငံခြားသူ အိမ်အကူတွေရဲ့ ဘဝနောက်ကွယ်က အမှောင်ထုတွေကို အရှိအတိုင်း ဖော်ပြနေပါတယ်။ ဒီကျောင်းသူလေးတွေဟာ ငယ်စဉ်ကတည်းက သူတို့အိမ် ဒါမှမဟုတ် သူတို့ရဲ့ ဖိုးဖိုးဖွားဖွားအိမ်တွေမှာ အိမ်အကူတွေနဲ့အတူ ကြီးပြင်းလာခဲ့ကြသူတွေ ဖြစ်တာကြောင့် အိမ်အကူတွေအပေါ်မှာ ပိုပြီးစာနာစိတ်ရှိကြတာပါ။ သူတို့ဟာ အိမ်အကူတွေဟာလည်း ကျွန်မတို့လိုပဲ ပိုမိုကောင်းမွန်တဲ့ ဘဝကို ရှာဖွေဖို့ စင်ကာပူကို လာရောက်ကြတဲ့ လူသားတွေဖြစ်တယ်ဆိုတာကို လူတွေသတိပြုမိလာအောင် ဒီ "Maid of Honour" ပြပွဲကို ကြိုးစားဖန်တီးခဲ့ကြတာ ဖြစ်ပါတယ်။ဒါ့အပြင် သူတို့အဖွဲ့ဟာ အိမ်အကူတွေနဲ့ အလုပ်ရှင်တွေရဲ့ အကြောင်းကို ဖော်ပြထားတဲ့ Website တစ်ခုကိုလည်း လွှင့်တင်ထားသလို၊ Instagram မှာလည်း လမ်းသွားလမ်းလာတွေကို လူတွေ့မေးမြန်းထားတဲ့ ဗီဒီယိုတွေ တင်ဆက်ပေးနေပါတယ်။သူတို့ရဲ့ လေ့လာမှုအရ စင်ကာပူမှာ လက်ရှိ အိမ်အကူ ၃ သိန်းကျော် ရှိနေပေမဲ့ သူတို့ရဲ့ အခွင့်အရေးတွေဟာ အပြည့်အဝ ကာကွယ်ခြင်း မခံရသေးတာကို တွေ့ရပါတယ်။ အစိုးရက ၂၀၂၃ ခုနှစ်ကစပြီး အိမ်အကူတွေကို တစ်လမှာ အနည်းဆုံး တစ်ရက် (ငွေကြေးနဲ့ အစားထိုးလို့မရတဲ့) နားရက်ပေးရမယ်လို့ ဥပဒေထုတ်ထားပေမဲ့ ကျောင်းသူတွေရဲ့ စစ်တမ်းအရ အလုပ်ရှင် ၃ ဦးမှာ ၁ ဦးဟာ သူတို့ရဲ့ အိမ်အကူကို အပတ်စဉ် နားရက် (Weekly Rest Day) မပေးဘဲ ခိုင်းစေနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ 
စင်ကာပူရောက် အိမ်အကူများအပေါ် တရားမျှတစွာဆက်ဆံဖို့ NTU ကျောင်းသူများ၏ "Maid of Honour" ပြပွဲမှတစ်ဆင့် တိုက်တွန်း
Feb 01 • 1:51 AM
စင်ကာပူ
ပြည်တွင်းသတင်း
မျှဝေမည်
| 18 | 0 | 0 | 0 |


