စင်ကာပူနိုင်ငံ Fort Canning Park ဟာ Xenaria လို့ ခေါ်တဲ့ ဒဏ္ဍာရီလာ အလယ်ခေတ်ကမ္ဘာကြီးအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်၊၊ ဒီပွဲတော်ကို Ren Faire SG: The Origin လို့ အမည်ပေးထားပြီး ဇန်နဝါရီ ၃၁ ကနေ ဖေဖော်ဝါရီ ၁ ရက်နေ့အထိ ကျင်းပတာ ဖြစ်ပါတယ်၊၊ဒီပွဲတော်မှာ ဒဏ္ဍာရီထဲက နတ်သမီးလေးတွေ၊ စုန်းမတွေနဲ့ Elves ဇာတ်ကောင်တွေလို ဝတ်ဆင်ထားသူတွေနဲ့ ပြည့်နှက်နေပြီး အလယ်ခေတ်ရဲ့ အငွေ့အသက်ကို အပြည့်အဝ ခံစားရမှာပါ၊၊ အသက် ၄၅ နှစ်အရွယ် အိမ်ရှင်မ Ms Betty Kang ကလည်း နဂါးထိန်းသူနဲ့ ပင်လယ်ဓားပြဝတ်စုံကို ဝတ်ဆင်ပြီး ပါဝင်ဆင်နွှဲခဲ့ပါတယ်၊၊ သူမဟာ ၂၀၂၀ ကတည်းက လေ့ကျင့်ထားတဲ့ "Dragon poi" လို့ခေါ်တဲ့ အရောင်အသွေးစုံတဲ့ ကခုန်မှုအတတ်ပညာနဲ့ လူတွေကို ဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်၊၊ပွဲတော်မှာ ဈေးဆိုင်ပေါင်း ၆၀ ကျော် ပါဝင်ပြီး လက်ဝတ်ရတနာတွေကနေ စားသောက်ကုန်တွေအထိ ရောင်းချပေးနေပါတယ်၊၊ ဖျော်ဖြေရေးအနေနဲ့ ဥရောပရဲ့ သမိုင်းဝင် ဓားသိုင်းအတတ်ပညာပြသမှုတွေ အပါအဝင် အစီအစဉ်ပေါင်း ၁၀ ခုကျော်ကို တင်ဆက်ခဲ့ပါတယ်၊၊ ပွဲစီစဉ်သူ Ms Caylee Chua ရဲ့ ပြောကြားချက်အရ လက်မှတ်စောင်ရေ ၅,၀၀၀ နီးပါး ရောင်းချပြီးဖြစ်လို့ လူဦးရေ ၆,၀၀၀ ကနေ ၈,၀၀၀ ကြား လာရောက်ကြလိမ့်မယ်လို့ မျှော်မှန်းထားပါတယ်၊၊
Feb 01 • 1:50 AM
စင်ကာပူ
ပြည်တွင်းသတင်း
မျှဝေမည်
| 6 | 0 | 0 | 0 |


