လေထုညစ်ညမ်းမှုဖြစ်ပေါ်နေသည့် အဆိုးဆုံး ၁၀ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံမှ ရန်ကုန်မြို့ပါဝင်နေကြောင်း World Air Quality Index (AQI) ၏ (ဇန်နဝါရီ ၃၁ ရက်)နံနက် ၁၀ နာရီအချိန် ထုတ်ပြန်ချက်အရသိရသည်။ရန်ကုန်မြို့၏လေထုညစ်ညမ်းမှုအခြေအနေမှာ (ဇန်နဝါရီ ၃၁ ရက်) တွင် ကမ္ဘာ့နိုင်ငံ ၁၂၆ နိုင်ငံအနက် အဆင့်(၁၀)တွင်ရှိနေကြောင်း၊ လေထုအရည်အသွေးညွှန်းကိန်း အဆင့်(၁၅၉) တွင်ရှိနေသည့်အတွက် နိုင်ငံတကာလေထုအရည်အသွေး ညွှန်းကိန်း(Air Quality Index - AQI) အရအဆင့်(၁၅၁ မှ ၂၀၀) ကြားသည် ကျန်းမာရေးကောင်းမွန်ခြင်းမရှိသည့် အခြေအနေဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရသိရသည်။လေထုညစ်ညမ်းမှုကို အချိန်ကြာမြင့်စွာကြုံတွေ့ရလျှင် အဆုတ်ရောင်ရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ၊ လေပြွန်ရောင်ရောဂါ၊ နှလုံးသွေးကြောဆိုင်ရာရောဂါများကိုခံစားရနိုင်သကဲ့သို့ အသည်းနှင့် ပန်ကရိယ ကိုထိခိုက်နိုင်ပြီး အာရုံကြောစနစ်ကိုပါထိခိုက်စေနိုင်ကြောင်း သက်ဆိုင်ရာဆရာဝန်များက အသိပေး ပြောဆိုထားသည်။
| 44 | 0 | 0 | 0 |


