back

ထိုင်း ခရီးသွားလုပ်ငန်းအာဏာပိုင်က Lisa နဲ့ ကြော်ငြာထားတဲ့ ခရီးသွားနေရာ ၁၀ ခုကို ဖော်ပြ

Feb 01 • 12:56 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်း ခရီးသွားလုပ်ငန်းအာဏာပိုင်က Lisa နဲ့ ကြော်ငြာထားတဲ့ ခရီးသွားနေရာ ၁၀ ခုကို ဖော်ပြ

ထိုင်း ခရီးသွားလုပ်ငန်း အာဏာပိုင် (TAT) ဟာ Amazing Thailand Ambassador ဖြစ်တဲ့ ကမ္ဘာကျော် K-pop အနုပညာရှင် Lisa (Lalisa Manoban) နဲ့အတူ "Feel All The Feelings -...

ထိုင်း ခရီးသွားလုပ်ငန်း အာဏာပိုင် (TAT) ဟာ Amazing Thailand Ambassador ဖြစ်တဲ့ ကမ္ဘာကျော် K-pop အနုပညာရှင် Lisa (Lalisa Manoban) နဲ့အတူ "Feel All The Feelings - Visit Thailand, Feel Every Emotion" ဆိုတဲ့ ကမ်ပိန်းအသစ်ကို ဇန်နဝါရီ ၃၀ ရက်နေ့က စတင် မိတ်ဆက်လိုက်ပါတယ်။ ဒီကမ်ပိန်းဟာ "Trusted Thailand" ဆိုတဲ့ ပုံရိပ်ကို မြှင့်တင်ပြီး ထိုင်းနိုင်ငံကို အရည်အသွေးမြင့် ခရီးသွား Destination တစ်ခုအဖြစ် ရောက်ရှိစေဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

Lisa ဟာ ဒီကမ်ပိန်းကတစ်ဆင့် ထိုင်းနိုင်ငံမှာ သူကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ပျော်ရွှင်မှု၊ အေးချမ်းမှု၊ စိတ်လှုပ်ရှားမှုနဲ့ နွေးထွေးမှု စတဲ့ ခံစားချက်မျိုးစုံကို မျှဝေထားပြီး ခရီးသွားတွေကို လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ထားပါတယ်။ ကြော်ငြာဇာတ်လမ်းတိုထဲမှာ Lisa အပြင် နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ Win Metawin ၊ Gulf Kanawut နဲ့ Blue Pongtiwat တို့လည်း ပါဝင်အားဖြည့်ထားကြပါတယ်။TAT အနေနဲ့ လူသိများတဲ့ နေရာတွေအပြင် အခြားမြို့တွေကိုပါ ခရီးသွားတွေ လာရောက်လည်ပတ်အောင် ဆွဲဆောင်ပြီး "Value over Volume" ဆိုတဲ့ မူဝါဒနဲ့အညီ အရည်အသွေးမြင့် ခရီးသွားလုပ်ငန်းကို ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်။

Lisa ရဲ့ ကမ်ပိန်းမှာ ပါဝင်တဲ့ ထင်ရှားတဲ့ နေရာ ၁၀ ခုမှာ🔶Wat Chedi Luang (Chiang Mai)

🔶 Red Lotus Sea (Udon Thani)

🔶 Floating Pagoda, Doi Phra Bat (Lampang)

🔶 Ban Rak Thai (Mae Hong Son)

🔶 Chui Fong Tea Farm (Chiang Rai)

🔶 Wat Arun Ratchawararam (Bangkok)

🔶 Phulangka Forest Park (Phayao)

🔶 Khao Sok National Park (Surat Thani)

🔶 Sam Phan Bok (Ubon Ratchathani)

🔶 Huai Mae Khamin Waterfall (Kanchanaburi)တို့ပါဝင်ပါတယ်။

news-view-count-icon

10