တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ တောင်ပိုင်းစစ်ဌာနချုပ်က ယနေ့ ဇန်နဝါရီ ၃၁ ရက်နေ့တွင် ဟွမ်ယန်ကျွန်းနှင့် ပတ်ဝန်းကျင်ဒေသများရှိ နယ်နိမိတ်ချင်းထိစပ်နေသော ရေပြင်နှင့် ဝေဟင်ပိုင်နက်အတွင်း တိုက်ပွဲဝင်အသင့်အနေအထားဖြင့် ကင်းလှည့်မှုများ ပြုလုပ်ခဲ့ကြောင်း တောင်ပိုင်းစစ်ဌာနချုပ်၏ တရားဝင် WeChat အကောင့်တွင် ထုတ်ပြန်ထားသည်။ အဆိုပါ ကင်းလှည့်လေ့ကျင့်မှုတွင် YJ-12 သင်္ဘောဖျက်ဒုံးကျည်များ တပ်ဆင်ထားသော H-6K ဗုံးကြဲလေယာဉ်တစ်စင်းလည်း ပါဝင်လာသလို Type 055 အဆင့်ရှိ ဖျက်သင်္ဘောကြီး Xianyang နှင့်အတူ အခြားသော စစ်လေယာဉ်များနှင့် စစ်သင်္ဘောများကိုလည်း PLA တောင်ပိုင်းစစ်ဌာနချုပ်မှ ထုတ်ပြန်သည့် ဗီဒီယိုဖိုင်တွင် တွေ့မြင်ရသည်။



