တရုတ်က အာကာသထဲမှာ AI ဒေတာ (Data) စင်တာတွေ ထားရှိဖို့ စီစဉ်နေပြီး နောက်လာမယ့် ၅ နှစ်အတွင်း လွှတ်တင် ထားရှိနိုင်ဖို့ လုပ်ဆောင်နေပါတယ်။ တရုတ် နိုင်ငံပိုင် မီဒီယာက ပြီးခဲ့တဲ့ ကြာသပတးနေ့မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး SpaceX ဒေတာ စင်တာတွေကို အာကာသထဲ ထားမယ့် အီလွန်မတ်စ်ရဲ့ အစီအစဉ်အပေါ် စိန်ခေါ်မှု ဖြစ်လာမယ် လို့လည်း ဆိုပါတယ်။ တရုတ်နိုင်ငံရဲ့ အဓိက အာကာသ စီမံကိန်း ကန်ထရိုက်တာ ဖြစ်တဲ့ တရုတ် အာကာသ သိပ္ပံနဲ့ နည်းပညာ ကော်ပိုရေးရှင်း (CASC) က ၅ နှစ်တာ ဖွံ့ဖြိုးရေး စီမံကိန်းအတိုင်း gigawatt အဆင့် အာကာသ ထောက်လှမ်းရေး အခြေခံ အဆောက် အအုံတွေကို တည်ဆောက် သွားမယ်လို့ ကတိပြုခဲ့ကြောင်း သိရပါတယ်။



