back

တစ်ပတ်အတွင်း ကျပ် ၁၃ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိပြီး ဘိန်းစိုက်ခင်း ဧက ၆,၉၀၀ နီးပါး ဖျက်ဆီးနိုင်ခဲ့

Jan 31 • 4:57 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

တစ်ပတ်အတွင်း ကျပ် ၁၃ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိပြီး ဘိန်းစိုက်ခင်း ဧက ၆,၉၀၀ နီးပါး ဖျက်ဆီးနိုင်ခဲ့

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်မှ ၂၇ ရက်အထိ တစ်ပတ်အတွင်း မြန်မာနိုင်ငံတစ်ဝန်းတွင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု အမှုပေါင်း ၇၀ ရှိခဲ့ပြီး ကာလတန်ဖိုး ကျပ် ၁၃ ဘီလီယံကျော...

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်မှ ၂၇ ရက်အထိ တစ်ပတ်အတွင်း မြန်မာနိုင်ငံတစ်ဝန်းတွင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု အမှုပေါင်း ၇၀ ရှိခဲ့ပြီး ကာလတန်ဖိုး ကျပ် ၁၃ ဘီလီယံကျော် ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သိရသည်။ အဆိုပါ အမှုများတွင် အမျိုးသား ၆၅ ဦးနှင့် အမျိုးသမီး ၁၅ ဦးတို့ကို ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး ပဲခူးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် မူးယစ်ဆေးဝါး၊ စိတ်ပြောင်းဆေးဝါးနှင့် ချက်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။ ထို့ပြင် ရှမ်းပြည်နယ်အတွင်းရှိ ဘိန်းစိုက်ခင်းများကို ပူးပေါင်းအဖွဲ့များဖြင့် ဖျက်ဆီးလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်မှ ယခုနှစ် ဇန်နဝါရီ ၂၇ ရက်အထိ ဘိန်းစိုက်ခင်း ဧက ၆,၉၀၀ နီးပါးကို ဖျက်ဆီးနိုင်ခဲ့ပြီး ကျန်ရှိနေသည့် စိုက်ခင်းများကိုလည်း ဆက်လက်ရှာဖွေဖော်ထုတ် ဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

30