လူသားမျိုးနွယ် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဇီဝလုံခြုံရေးသည် အထူးအလေးထားရမည့် ကဏ္ဍဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒု-ဝန်ကြီး ဒေါက်တာအောင်ဇေယျက ဇန်နဝါရီ ၂၉ ရက်တွင် ပြုလုပ်သည့် မြန်မာ-ရုရှား တတိယအကြိမ်မြောက် ဇီဝလုံခြုံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။ အဆိုပါဆွေးနွေးပွဲတွင် အပင်နှင့် တိရစ္ဆာန်များမှတစ်ဆင့် ဖြစ်ပေါ်လာနိုင်သော ကူးစက်ရောဂါများအပြင် AI အခြေပြု ဇီဝနည်းပညာဆိုင်ရာ ခြိမ်းခြောက်မှုများကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြပြီး၊ ဇီဝလက်နက် တားဆီးပိတ်ပင်ရေးစာချုပ် (BWC) အရ နှစ်နိုင်ငံ သိပ္ပံနှင့် နည်းပညာကဏ္ဍတွင် စည်းလုံးစွာ ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြသည်။ ကမ္ဘာ့ထိပ်တန်း ဇီဝလုံခြုံရေးနိုင်ငံဖြစ်သည့် ရုရှားနိုင်ငံနှင့် မဟာဗျူဟာမြောက် ရေရှည်ပူးပေါင်းခြင်းဖြင့် မြန်မာနိုင်ငံ၏ ဇီဝလုံခြုံရေးကဏ္ဍကို ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်စေရန်နှင့် ပြည်သူတို့၏ ဘေးကင်းလုံခြုံရေးအတွက် အပြုသဘောဆောင်သော ရလဒ်ကောင်းများ ဖော်ဆောင်နိုင်ခဲ့ကြောင်း သိရှိရပါသည်။
မြန်မာ-ရုရှား တတိယအကြိမ်မြောက် ဇီဝလုံခြုံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ၊ ဇီဝကပ်ဘေးအန္တရာယ် ကာကွယ်ရေး မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မည်
Jan 31 • 4:56 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 13 | 0 | 0 | 0 |


