အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ သံအမတ်ကြီးသည် ဇန်နဝါရီ ၂၉ ရက်က ဝါရှင်တန်ဒီစီရှိ ဘရူနိုင်းသံရုံး၌ ကျင်းပသော အာဆီယံသံအမတ်များနှင့် အမေရိကန်လက်ထောက်ဝန်ကြီး H.E. Mr. Michael G. DeSombre တို့၏ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို အဆင့် (၃) ဆင့်ဖြင့် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့ပြင် မြန်မာအစိုးရအနေဖြင့် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို ထိရောက်စွာ ဖော်ထုတ်နှိမ်နင်းနေမှုနှင့် အာဆီယံနှင့် နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကိုပါ ထည့်သွင်းဆွေးနွေးခဲ့သည်။ အဆိုပါတွေ့ဆုံပွဲတွင် အာဆီယံ-အမေရိကန် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး၊ ဉာဏ်ရည်တု (AI) နှင့် အာကာသနည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲအောင်မြင်မှုနှင့် အွန်လိုင်းငွေလိမ်ဂိုဏ်းများ နှိမ်နင်းမှုအခြေအနေကို မြန်မာသံအမတ်ကြီးက အမေရိကန်လက်ထောက်ဝန်ကြီးအား ရှင်းလင်းပြောကြား
Jan 31 • 4:27 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 20 | 0 | 0 | 0 |


