အလွန်အမင်းအေးခဲနေသည့် ရာသီဥတုကြောင့် ယူကရိန်းပြည်သူ သန်းနှင့်ချီ၍ အပူပေးစနစ်နှင့် ရေ၊ မီး ပြတ်တောက်မှုဒုက္ခ ရင်ဆိုင်နေရသဖြင့် မြို့ကြီးများအပေါ် တိုက်ခိုက်မှုများကို တစ်ပတ်ခန့် ရပ်တန့်ထားရန် ပုဂ္ဂိုလ်ရေးအရ တောင်းဆိုမှုကို ရုရှားသမ္မတပူတင်က သဘောတူခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဇန်နဝါရီ ၂၉ ရက် (ကြာသပတေးနေ့) တွင် ပြောကြားခဲ့သည်။ ယူကရိန်းတွင် အပူချိန်မှာ -30ဒီဂရီC အထိ ထိုးကျနိုင်ကြောင်း မိုးလေဝသခန့်မှန်းချက်များ ထွက်ပေါ်နေချိန်တွင် ယခုကဲ့သို့ လူသားချင်းစာနာမှုဆိုင်ရာ တောင်းဆိုမှု ပေါ်ပေါက်လာခြင်းဖြစ်ပြီး၊ ယူကရိန်းသမ္မတ ဇလန်းစကီးကလည်း ထရမ့်ပ်ကို ကျေးဇူးတင်ကြောင်းနှင့် ဝါရှင်တန်၏ ကူညီမှုကို အားကိုးကြောင်း တုံ့ပြန်ခဲ့သည်။ သို့သော် အဆိုပါ အပစ်အခတ်ရပ်စဲမှုနှင့် ပတ်သက်၍ ခရမ္မလင်နန်းတော်ဘက်မှ တစ်စုံတစ်ရာ အတည်ပြုထုတ်ပြန်ခြင်း မရှိသေးကြောင်း ဖရွန့်စ်ဗန့်ဂ်ျကတ် သိရှိရပါသည်။
အအေးဒဏ်ကြောင့် ယူကရိန်းမြို့ကြီးများအား တိုက်ခိုက်မှု ခေတ္တရပ်ဆိုင်းရန် ပူတင်သဘောတူညီဟု ထရမ့်ပ်ပြောကြား
Jan 31 • 4:24 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 18 | 0 | 0 | 0 |


