back

ဥရောပသမဂ္ဂ နှင့် မြန်မာနိုင်ငံအကြား အနုပညာကတဆင့် ဖော်ပြနိုင်မည့်အနုပညာပြိုင်ပွဲကျင်းပမည်

Jan 31 • 4:21 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ဥရောပသမဂ္ဂ နှင့် မြန်မာနိုင်ငံအကြား အနုပညာကတဆင့် ဖော်ပြနိုင်မည့်အနုပညာပြိုင်ပွဲကျင်းပမည်

ဥရောပသမဂ္ဂနှင့် မြန်မာနိုင်ငံအကြား ဘုံတန်ဖိုးများ၊ ယဉ်ကျေးမှုနှင့် လူသားချင်းချိတ်ဆက်မှုများကို အနုပညာမှတစ်ဆင့် ဖော်ပြနိုင်ရန် ရည်ရွယ်သည့် “ဥရောပသမဂ္ဂ-မြန်မာ - ...

ဥရောပသမဂ္ဂနှင့် မြန်မာနိုင်ငံအကြား ဘုံတန်ဖိုးများ၊ ယဉ်ကျေးမှုနှင့် လူသားချင်းချိတ်ဆက်မှုများကို အနုပညာမှတစ်ဆင့် ဖော်ပြနိုင်ရန် ရည်ရွယ်သည့် “ဥရောပသမဂ္ဂ-မြန်မာ - ချိတ်ဆက်ယှက်နွယ် အသံဖလှယ်” အနုပညာပြိုင်ပွဲအား ကျင်းပမည်ဖြစ်ကြောင်း EU-Myanmar က ဇန်နဝါရီ ၃၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ မြန်မာနိုင်ငံရှိ အနုပညာရှင်များအနေဖြင့် ပန်းချီ၊ သရုပ်ဖော်ပုံ၊ ဒစ်ဂျစ်တယ်အနုပညာနှင့် ပုံနှိပ်အနုပညာ စသည့်ကဏ္ဍစုံဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ပထမဆု ၁၅ သိန်း၊ ဒုတိယဆု ၁၀ သိန်းနှင့် တတိယဆု ၅ သိန်းကျပ်စီ ချီးမြှင့်သွားမည်ဖြစ်သည်။ ပြိုင်ပွဲဝင်လက်ရာများကို ၂၀၂၆ ခုနှစ်၊ မတ်လ ၁ ရက်နေ့ နောက်ဆုံးထားပေးပို့ရမည်ဖြစ်ကာ ဆန်ကာတင်ရွေးချယ်ခံရသည့် လက်ရာ ၂၀ ကို အများပြည်သူကြည့်ရှုနိုင်ရန် ပြပွဲကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

13