ဇန်နဝါရီ ၃၀ ရက်က ကျင်းပသည့် ONE Friday Fights 140 ပြိုင်ပွဲ၏ ဒုတိယခေါင်တွဲဆိုင်းပွဲစဉ်တွင် မွန်တိုင်းရင်းသားဖိုက်တာ ဆွန်ရတ်က ထိုင်းဖိုက်တာ ဘူခီယာအိုကို ဒုတိယအချီ၌ အလဲထိုးဖြင့် အပြတ်အသတ်အနိုင်ရရှိခဲ့သည်။ ပွဲစဉ်အတွင်း ဆွန်ရတ်သည် ပြိုင်ဘက်ကို ဒုတိယအချီ၌ အမှတ်စဉ်ရေတွက်ရသည်အထိ တစ်ကြိမ် အလဲထိုးနိုင်ခဲ့ပြီးနောက် ပြန်လည်ထိုးသတ်ရာတွင်လည်း ထပ်မံအလဲထိုးကာ အနိုင်ယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဆွန်ရတ်အနေဖြင့် ခြေစွမ်းပြအနိုင်ရရှိခဲ့သော်လည်း ဤပွဲစဉ်အတွက် ONE အကြီးအကဲ ချက်ထရီက ဘောနပ်စ်ဆုကြေး ပေးအပ်ခြင်းမရှိခဲ့ကြောင်း သိရှိရပါသည်။
Jan 31 • 4:19 AM
မြန်မာ
မွန်
မျှဝေမည်
| 11 | 0 | 0 | 0 |


