back

မြန်မာ အလုပ်သမား ၁၁၂ ဦးကိုထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်တွင် ဖမ်းမိ

Jan 31 • 2:43 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

မြန်မာ အလုပ်သမား ၁၁၂ ဦးကိုထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်တွင် ဖမ်းမိ

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် တရားမဝင် ဝင်ရောက်လာသောမြန်မာအလုပ်သမား ၁၁၂ ဦးအား ဇန်နဝါရီ ၂၉ ရက် နံနက် ၂ နာရီခန့်က ပစ်ကပ်ကားသုံးစီးနှင့်အတူ ဖမ်းမိခဲ့ကြောင်း ထ...

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် တရားမဝင် ဝင်ရောက်လာသောမြန်မာအလုပ်သမား ၁၁၂ ဦးအား ဇန်နဝါရီ ၂၉ ရက် နံနက် ၂ နာရီခန့်က ပစ်ကပ်ကားသုံးစီးနှင့်အတူ ဖမ်းမိခဲ့ကြောင်း ထိုင်းသတင်း၏ ဖော်ပြချက်အရ သိရသည်။စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့သည် ကန်ချနဘူရီခရိုင် သောင်ဖာဖုမ်မြို့နယ် ထာ့ခနွန်းကျေးရွာရှိ သာ့ဖဲဧရိယာ ၀ဇိရာလောင်ကွန်းဆည်အနီးတွင်သတင်းအရ စောင့်ဆိုင်းခဲ့ပြီး အမိုးအကာအုပ်ထားသော ပစ်ကပ်ကား သုံးစီးကိုတွေ့ရှိခဲ့ကြောင်း သိရသည်၎င်းကားများအား စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ်ယာဉ်မောင်းများ တောထဲသို့ထွက်ပြေးရန် ကြိုးပမ်းခဲ့ပြီးနှစ်ဦးအား ဖမ်းဆီးနိုင်ခဲ့ကာ တစ်ဦးမှာ လွတ်မြောက်သွားခဲ့ရာ ကားနှစ်စီးအတွင်း ပြည့်ကျပ်စွာ တင်ဆောင်လာ သည့်မြန်မာအလုပ်သမား ၁၁၂ ဦး နှင့် ကျန်ကားတစ်စီးပေါ်တွင်အလုပ်သမားများ၏ ကျောပိုးအိတ် ၁၇၀ ကျော်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။မြန်မာအလုပ်သမားများသည် ရန်ကုန်နှင့်မော်လမြိုင်မြို့များမှ လာရောက်ကြသူများဖြစ်ပြီး ပွဲစား ခအဖြစ် တစ်ဦးလျှင် ဘတ် ၂၀,၀၀၀ မှ ၃၀,၀၀၀ အထိ ပေးချေခဲ့ရကာ ဗန်ကောက်၊ ရယောင်နှင့် အချို့မှာ မလေးရှားနိုင်ငံသို့ ဆက်လက်သွားရောက်ရန် ရည်ရွယ်ထားကြကြောင်းသိရသည်။


news-view-count-icon

18