ပြည်တွင်း၌ရပ်နားထားသည့်မော်တော်ယာဉ်သက်တမ်းတိုးခြင်း၊ယာဉ်မောင်းလိုင်စင်ဖြေဆိုခြင်းများအတွက် Online Booking စနစ် ဖေဖော်ဝါရီလတွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။Online Booking စနစ်ကို ပြင်ဆင်ရန် ရှိနေသည့်အတွက် ပြီးခဲ့ သည့် ၂၀၂၅ ခုနှစ် အောက်တိုဘာလမှ စတင်ကာ ရပ်နားထားခဲ့ခြင်းဖြစ်ပြီး မော်တော်ယာဉ် စစ်ဆေးခြင်း၊ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးသင်တန်း၊ယာဉ်မောင်းလိုင် စင်ဖြေဆိုခြင်း အစရှိသည်တို့၏ Online Bookingကို ဖေဖော်ဝါရီ ၂ ရက်မှ စတင်ကာ ပြန်လည်စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ယခုအခါ ဇန်နဝါရီ ၃၀ ရက်မှ စပြီး Online Booking ရယူခြင်းကို www.rtad.gov.mm မှတစ်ဆင့် အနည်းဆုံးတစ်ရက်မှ အများဆုံး ၁၀ ရက်အထိ ကြိုတင်ရယူနိုင်ကြောင်းသိရသည်။



