၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်က အလုပ်အကိုင်ဌာန၊ နိုင်ငံခြားအလုပ်သမားများ စီမံခန့်ခွဲရေးဗျူရိုက e-Workpermit အီလက်ထရွန်းနစ်စနစ်သုံး၍ နိုင်ငံခြားသားများ အလုပ်ခန့်ထားမှု လျှောက်လွှာတင်သွင်းရာတွင် အခက်အခဲကြုံတွေ့သူများအတွက် ထည့်သွင်းစင်းစားဖို့ လမ်းညွှန်ချက်စာ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ညွှန်ကြားချက်စာအရ အလုပ်ရှင်တွေ၊ အလုပ်ဌာန တွေက အီလက်ထရွန်းနစ်စနစ် (e-Workpermit) က တစ်ဆင့် အလုပ်အကိုင်လျှောက်လွှာတွေနဲ့ အကြောင်းကြားစာတွေ တင်သွင်းရာ မှာ အလုပ်ရှင်နဲ့နိုင်ငံခြားသား လုပ်သား တွေ ကို အကြံဉာဏ်နဲ့အကူအညီ တွေပေးပြီးဖြစ်ပြီး လုပ်ငန်းစဉ်မအောင်မြင်ကြောင်း တွေ့ရှိရင် အရင်မူလနည်း လမ်းအတိုင်း ဆက်လက်ဝန်ဆောင်မှုရယူနိုင်တယ်လို့ သိရပါတယ်။အခုဝန်ဆောင်မှုကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၉ ရက် ကနေ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၈ ရက် အထိ အတည်ပြုထားရာကနေ အခုအခါ အလုပ်ရှင် တွေ ၊ အလုပ်ဌာန တွေ နဲ့ နိုင်ငံခြားသားအလုပ်သမား တွေအတွက် အရင်က သတ်မှတ်ထားတဲ့ အကူးအပြောင်းကာလကို ၂၀၂၆ ဧပြီ ၂၈ ရက်အထိ ၊ နောက်ထပ်သုံးလ ထပ်မံတိုးမြှင့်ပေးနိုင်ဖို့ စဉ်းစားဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်။



