back

ရက္ခိုင်အမျိုးသမီး မစိုးစံသူ ပိုင်ဆိုင်တဲ့တိုက်ခန်း ပြန်လည်ရ မရ အဖြေစောင့်နေဆဲ

Jan 30 • 11:48 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရက္ခိုင်အမျိုးသမီး မစိုးစံသူ ပိုင်ဆိုင်တဲ့တိုက်ခန်း ပြန်လည်ရ မရ အဖြေစောင့်နေဆဲ

29 ရတနာဆိုင်ရဲ့ တန်ဖိုးကြီးပစ္စည်းများ ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး ထောင်ချခံခဲ့ရတဲ့ မစိုးစံသူရဲ့ တိုက်ခန်း ပြန်လည်ရ မရ အဖြေကိုစောင့်နေဆဲဖြစ်တယ်လို့ အမှုကိုလိုက်ပ...

29 ရတနာဆိုင်ရဲ့ တန်ဖိုးကြီးပစ္စည်းများ ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး ထောင်ချခံခဲ့ရတဲ့ မစိုးစံသူရဲ့ တိုက်ခန်း ပြန်လည်ရ မရ အဖြေကိုစောင့်နေဆဲဖြစ်တယ်လို့ အမှုကိုလိုက်ပါကူညီနေတဲ့ ကိုတင်ထူးအောင်က ဆိုပါတယ်။ဇန်နဝါရီလ ၁၉ ရက်က ရန်ကုန်မြို့ရှိ အရှေ့ပိုင်းခရိုင်တရားရုံးမှာ တိုက်ခန်းပြန်လည်ရရှိဖို့အတွက် လျှောက်လဲချက် တင်ခဲ့တာဖြစ်တယ်လို့ သူက ပြောပါတယ်။အသက် ၂၀ ကျော်အရွယ်ရှိ မစိုးစံသူဟာ ရက္ခိုင်ပြည်၊ မြေပုံမြို့နယ်၊ သရက်တောင်ကျေးရွာဇာတိ ဖြစ်ပါတယ်။ သူမဟာ ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ဦးချစ်မောင်အိမ်ရာရှိ 29 ရတနာဆိုင်မှာ အလုပ်လုပ်ကိုင်စဉ် ပစ္စည်း ၃၄ မျိုး (အဆိုပါ ကာလတန်ဖိုး သိန်း ၁၉၀၀ ကျော်) ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး လုပ်ဖော်ကိုင်ဖက် သုံးဦးနဲ့အတူ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်မှာ မသင်္ကာမှုနဲ့ ခေါ်ယူစစ်ဆေးခံခဲ့ရတာပါ။စက်တင်ဘာလ ၂၂ ရက်မှာတော့ မစိုးစံသူ တဦးတည်းကို ရာဇသတ်ကြီး ပုဒ်မ ၃၈၁ နဲ့ အမှုဖွင့်ခဲ့ကာ အောက်တိုဘာလ ၁ ရက်မှာ တာမွေမြို့နယ်တရားရုံးကနေ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် စွပ်စွဲဖမ်းဆီးခံရတဲ့ မစိုးစံသူရဲ့ မိသားပိုင်ဖြစ်တဲ့ ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် အမှတ် (၂) ရပ်ကွက်က တိုက်ခန်းကိုလည်း တရားရုံးက သိမ်းဆည်းဖို့ အမိန့်ချခဲ့တာလည်း ဖြစ်ပါတယ်။မစိုးစံသူဟာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် မှာတော့ အင်းစိန်အကျဉ်းထောင်ကနေ လွတ်ငြိမ်းခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပြီ ဖြစ်ပါတယ်။




news-view-count-icon

12