back

ရန်ကုန်တွင် ဈေးဝယ်သူမှ ဖုန်းလုမှုဖြစ်ပွား

Jan 30 • 11:29 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တွင် ဈေးဝယ်သူမှ ဖုန်းလုမှုဖြစ်ပွား

ဇန်နဝါရီလ ၂၄ရက်တွင် လသာမြို့နယ်ရှိ IU Mobile Good Secondhand shopဖုန်းဆိုင်တွင် ဖုန်းဝယ်ယူသူမှ လုယက်မှုဖြစ်ပွားခဲ့ကြောင်း အဆိုပါဖုန်းဆိုင်မှ လူမှုကွန်ယက်တွင်အသိ...

ဇန်နဝါရီလ ၂၄ရက်တွင် လသာမြို့နယ်ရှိ IU Mobile Good Secondhand shopဖုန်းဆိုင်တွင် ဖုန်းဝယ်ယူသူမှ လုယက်မှုဖြစ်ပွားခဲ့ကြောင်း အဆိုပါဖုန်းဆိုင်မှ လူမှုကွန်ယက်တွင်အသိပေးထားသည်။လုယက်သူသည် ၎င်းပိုင်ဖုန်းအား ထားခဲ့ပြီး ဖုန်းဆိုင်မှ ဖုန်းအသစ်ကို ယူဆောင်လုယက်ထွက်ပြေးသွားသဖြင့် ၎င်း၏ဖုန်းအတွင်းမှ မှတ်ပုံတင်၊ အိမ်ထောင်စုဇယားအပြင် အကျဉ်းဦးစီးဝန်ထမ်းဝတ်စုံဖြင့်ရိုက်ကူးထားသော ဓာတ်ပုံများ တွေ့ရှိခဲ့ရကြောင်း သိရသည်။ဖုန်းလုသူမှာ အသက် ၂၀ကျော်အရွယ် မောင်ဇော်ကိုကိုဖြစ်ပြီး ၎င်းသည် ရန်ကုန်တိုင်း၊ တွံတေးမြို့၊ စပြင်ကျေးရွာဇာတိဖြစ်ကြောင်း သိရသည်။



news-view-count-icon

34