menu-icon
logo-icon

Global Reporter

home-icon

ပင်မ

breaking_news-icon

သတင်းထူးများ

hot-icon

လူကြိုက်များ

language-icon

language-icon
language-icon
‌
‌
‌
‌
‌
‌

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon
Copyright 2026 Global Report. All rights reserved
navbar-bgnavbar-bg-dark
back

ထိုင်းနိုင်ငံရဲ့ဘန်ကောက် အပါအဝင် ထိုင်းနိုင်ငံရဲ့ သုံးပုံတစ်ပုံမှာ အနီရောင် အဆင့် လေထုညစ်ညမ်းမှု ဖြစ်နေ

Jan 30 • 8:37 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

မျှဝေမည်

share-news
cover

ထိုင်းနိုင်ငံရဲ့ဘန်ကောက် အပါအဝင် ထိုင်းနိုင်ငံရဲ့ သုံးပုံတစ်ပုံမှာ အနီရောင် အဆင့် လေထုညစ်ညမ်းမှု ဖြစ်နေ

ဇန်နဝါရီ ၂၈ ရက်မနက်ပိုင်းမှာ ဘန်ကောက်နဲ့ အနီးတစ်ဝိုက် ပြည်နယ်တွေ အပါအဝင် ထိုင်းနိုင်ငံရဲ့ သုံးပုံတစ်ပုံလောက်ကို ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့ (အနီရောင်အဆင့်) P...

cover-photo

ဇန်နဝါရီ ၂၈ ရက်မနက်ပိုင်းမှာ ဘန်ကောက်နဲ့ အနီးတစ်ဝိုက် ပြည်နယ်တွေ အပါအဝင် ထိုင်းနိုင်ငံရဲ့ သုံးပုံတစ်ပုံလောက်ကို ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့ (အနီရောင်အဆင့်) PM2.5 ဖုန်မှုန့်တွေ ဖုံးလွှမ်းနေပါတယ်။ Gistda ရဲ့ ထုတ်ပြန်ချက်အရ ဘန်ကောက်နဲ့ ပြည်နယ် ၂၆ ခုမှာ PM2.5 ပမာဏဟာ ၇၅.၆ ကနေ ၁၄၂.၈ µg/m³ အထိ ရှိနေပြီး ဇန်နဝါရီ ၂၇ ရက်ကထက် ပိုမိုဆိုးရွားလာတာ ဖြစ်ပါတယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။ထိုင်းအစိုးရ သတ်မှတ်ထားတဲ့ ဘေးကင်းလုံခြုံတဲ့ ပမာဏက ၃၇.၅ µg/m³ ဖြစ်ပေမယ့် အခုအချိန်မှာတော့ သတ်မှတ်ချက်ထက် အများကြီး ကျော်လွန်နေပါတယ်။ အဆိုးရွားဆုံးနေရာကတော့ Samut Songkhram ဖြစ်ပြီး ၁၄၂.၈ µg/m³ အထိ ရှိနေကာ Pathum Thani မှာ ၁၃၂.၉ µg/m³ နဲ့ ဘန်ကောက်မှာ ၁၂၂.၁ µg/m³ အထိ အသီးသီး မြင့်တက်နေပါတယ်။

Samut Sakhon ၊ Nonthaburi ၊ Ayutthaya နဲ့ Samut Prakan အစရှိတဲ့ ပြည်နယ်တွေမှာလည်း အနီရောင်အဆင့် ၁၀၀ ကျော်အထိ ရှိနေသလို Chon Buri ၊ Rayong နဲ့ Nakhon Sawan အပါအဝင် တခြားပြည်နယ်တွေမှာလည်း အနီရောင်အဆင့် ပြသနေပါတယ်။ ကျန်းမာရေးကို စတင်ထိခိုက်နိုင်တဲ့ လိမ္မော်ရောင်အဆင့် ပြည်နယ် ၁၄ ခုရှိပြီး အဲဒီအထဲမှာ Nakhon Ratchasima ၊ Phitsanulok နဲ့ Khon Kaen တို့ ပါဝင်ပါတယ်။လေထုအရည်အသွေး သင့်တင့်မျှတတဲ့ ပြည်နယ် ၁၈ ခု ၊ ကောင်းမွန်တဲ့ ပြည်နယ် ၁၄ ခုနဲ့ အလွန်ကောင်းမွန်တဲ့ ပြည်နယ် ၄ ခု ရှိနေပါတယ်။ တောင်ပိုင်းဒေသတွေဖြစ်တဲ့ Phuket ၊ Krabi ၊ Surat Thani တို့နဲ့ မြောက်ပိုင်းက Chiang Mai ၊ Chiang Rai တို့မှာတော့ လေထုအရည်အသွေး ကောင်းမွန်နေတာကို တွေ့ရပါတယ်။ဇန်နဝါရီ ၂၉ ရက်ကနေ ဖေဖော်ဝါရီ၂ ရက်အထိ တောင်ပိုင်းဒေသကလွဲရင် ကျန်တဲ့ဒေသအားလုံးမှာ မီးခိုးမြူထူထပ်မှုက ပိုမိုဆိုးရွားလာနိုင်တယ်လို့ လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးဦးစီးဌာနက သတိပေးထားပါတယ်။ တောင်ပိုင်းဒေသတစ်ခုတည်းမှာသာ လေထုအရည်အသွေး ဆက်လက်ကောင်းမွန်နေမှာ ဖြစ်ပါတယ်။


news-view-count-icon

14

like-icon

0

comment-icon

0

share-news-icon

0

left-arrow-icon
cover-photo

သရုပ်ဆောင်လင်းအောင်ခေတ်ဟာ မိခင်ကို နာမည်ကြီးနေတဲ့ ချုံချင်းလိုက်ပို့ပြီး ရှောင်ကောကောနဲ့ ဆိုင်ကယ်ပေးစီးခဲ့

ရန်ကုန်တွင် ဈေးဝယ်သူမှ ဖုန်းလုမှုဖြစ်ပွား

cover-photo
right-arrow-icon