ဧရာဝတီယူနိုက်တက်အမျိုးသမီးအသင်းတွင် လာရောက်ကစားခဲ့သည့် ဂျပန်နိုင်ငံသူ ကစားသမား Kira Ogawa သည် မနက်ဖြန်ပွဲစဉ်အပြီးတွင် စာချုပ်သက်တမ်းကုန်ဆုံးပြီဖြစ်၍ မိခင်အသင်းရှိရာသို့ ပြန်လည်ထွက်ခွာတော့မည်ဖြစ်ကြောင်း သိရသည်။ သူမသည် မြန်မာနိုင်ငံတွင် ကစားသမားဘဝ ဖြတ်သန်းမှုတစ်လျှောက် ပွဲထွက်ကစားခွင့် အနည်းငယ်သာ ရရှိခဲ့သော်လည်း ထူးခြားသည့် ပုံစံနှင့် ကြိုးစားအားထုတ်မှုကြောင့် မြန်မာဘောလုံးပရိသတ်များအကြား အမှတ်တရ နာမည်ကောင်းတစ်ခု ကျန်ရစ်ခဲ့သူဖြစ်သည်။ ပရိသတ်များကလည်း သူမ၏ ခွဲခွာမှုအတွက် နှမြောတသဖြစ်လျက်ရှိပြီး နောင်တစ်ချိန်တွင် ပြန်လည်ဆုံတွေ့ကြရန် လူမှုကွန်ရက်စာမျက်နှာများ၌ ဆုတောင်းစကားများ ရေးသားကာ နှုတ်ဆက်လျက်ရှိကြပါသည်။
ဧရာဝတီယူနိုက်တက်နှင့် စာချုပ်သက်တမ်းကုန်ဆုံးသည့် ဂျပန်ကစားသမား Kira Ogawa မိခင်ကလပ်သို့ ပြန်လည်ထွက်ခွာတော့မည်
Jan 30 • 7:27 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 14 | 0 | 0 | 0 |


