ကိုလံဘီယာနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ဇန်နဝါရီ ၂၈ ရက်က လူပေါင်း ၁၅ ဦး လိုက်ပါလာသော Beechcraft-1900 အမျိုးအစား လေယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လွှတ်တော်အမတ် ဒိုင်အိုဂျင်းနစ်ကွင်တာရို အပါအဝင် လိုက်ပါလာသူအားလုံး သေဆုံးခဲ့ကြောင်း နိုင်ငံပိုင် ဆာတီနာလေကြောင်းလိုင်းက ထုတ်ပြန်ခဲ့သည်။ အဆိုပါလေယာဉ်သည် ဗင်နီဇွဲလားနယ်စပ်အနီးရှိ ကူကူတာမြို့မှ အိုကာနာမြို့သို့ ပျံသန်းစဉ် ပျက်ကျခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများထဲတွင် လာမည့် မတ်လ၌ကျင်းပမည့် ကွန်ဂရက်လွှတ်တော်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အမတ်လောင်း ကားလို့စ်ဆယ်ဆီဒိုလည်း ပါဝင်ကြောင်း ကိုလံဘီယာအစိုးရ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရှိရပါသည်။
Jan 30 • 7:26 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 17 | 0 | 0 | 0 |


